ဘာတွေချန်ထားခဲ့ချင်လဲ.. ဘာတွေယူသွားချင်လဲမေးရင် ခုထိမပြတ်မသားဖြစ်နေဆဲပါဘဲ..
သေချာတာတခုက စိတ်ဆင်းရဲစရာကြီးတွေတော့ သယ်မလာချင်တော့ဘူး.. စိတ်ချမ်းသာစရာလေးတွေတော့သယ်လာချင်တယ်လေ။
ဒါပေမဲ့ စိတ်ဆင်းရဲစရာရော စိတ်ချမ်းသာစရာရော ပေးတာက အရာတခုထဲဖြစ်နေရင်ကော ဘယ်လိုလုပ်ကြမလဲ..
ဥပမာ .. သားသမီး.. ယောင်္ကျား.. အိမ်.. မဖတ်ရမနေနိုင်တဲ့ ဘလော့တွေ... CNA သတင်း... ငွေ..
ကဲ... သေချာပေါက် သယ်လာမိနေတာကတော့ အဲဒီ မပြတ်မသား အတွေးတွေပါဘဲ..
အထုပ်အပိုး မှန်သမျှ လေးတာချည်းဘဲတဲ့.. အမတယောက်က ပြောဘူးတယ်.. ဟုတ်တယ်နော်.. ဘယ်တုန်းက စ လေးလာမှန်းတောင် သတိမထားမိခင်မှာ.. လူက ပိပြားစ ပြုနေပြီ။
ပြတ်သားနိုင်တဲ့နေ့မှာ.. အားလုံးကို ထားခဲ့ပြီး အဝေးကြီးကို ထွက်သွားတော့မယ်.. ခြေရာမချန်ကြေး.. လမ်းကြောင်း မထားခဲ့ကြေးပေါ့..
ခုထဲက hand phone ပိတ်ပြီးနေတတ်အောင် ကျင့်နေပါတယ်.. ဘာမှမကြားချင်ဘူး.. TV တောင် အသံပိတ်ထားတာ.. ရုပ်မြင် အသံမကြားပေါ့..
ဖုန်းထဲက angry bird ရော.. sudoku ရော... တာ့တာဘဲ..
ဒါပေမဲ့ ညနေဘက်မှာ ဖုန်းဆက်မရဘူးဆိုပြီး massage များပို့ထားမလားလို့ ဖွင့်ပြီးကြည့်မိတုန်းဘဲ..
ဘာဘဲဖြစ်ဖြစ် ၂၀၁၂ မှာ တင်းသမျှ နှောင်ကြိုး အကုန်ဖြတ်မယ် .. သန္နိဋ္ဌာန်.. သန္နိဋ္ဌာန် .. (ရှိုင်းဝဏ္ဏအောင်လေသံဖြင့် ရွတ်ပါ)