ကျမအလုပ်ဝင်ခါစမှာ နယ်ကိုသွားရတော့ မနက်ဘက်မှာ အလုပ်ကိုသွားဘို့ အပြေးအလွှား အချိန်လုနေရတာမို့ မလွမ်းအားပေမယ့် ..
ညနေဘက်အိမ်ပြန်ရောက်လို့ ချက်ပြုတ်စားသောက်လို့ပြီးတဲ့အချိန်... မှောင်ရီပျိုးလာတာနဲ့ အလုပ်လုပ်စရာမရှိတော့တာနဲ့ .. အချိန်ကိုက်ဘဲမို့ အဲဒီအချိန်မှာ လွမ်းစရာရှိတာတွေကို အကုန်လွမ်းတော့တာပါဘဲ.. အဖေအမေလဲလွမ်း.. ဘာညာလဲလွမ်း.. ပေါက်ဆီလဲလွမ်း.. သစ်ပင်လဲလွမ်း.. ၀က်မကြီးလဲလွမ်းပေါ့...
အိပ်မပျော်မချင်း ကက်ဆက်ကို အဆက်မပြတ်ဖွင့်ပြီး လွမ်းရတဲ့ အရသာဟာ ကော်ဖီလိုဘဲ ခါးသလိုလို ချိုသလိုလိုပေါ့.. အမြည်း ကော်ဖီခွက်ကလဲ ဘေးမှာ အဆင်သင့်လေ..
စိုင်းထီးဆိုင်ရဲ့" မေမြို့ည" ကို ကက်ဆက်ကကြားခါစက မျက်ရည်ကျလောက်အောင် လွမ်းလို့ထပ်ခါထပ်ခါဖွင့်လိုက်ကြတာ.. ကျမနဲ့ တအိမ်ထဲ အတူနေတဲ့ သူငယ်ချင်းအစ်မ နဲ့ နှစ်ယောက်သား.. သူတလှည့်ဖွင့်လို့ပြီးသွားရင် ကိုယ်တလှည့်ဖွင့်....
စိုင်းထီးဆိုင်ရဲ့ အသံဝဲ၀ဲလေးကို သေချာနားလည်လာတော့မှ .. ဟင်.. ဒီသီချင်းက ဖဲဝိုင်းမှာထိုင်ရင်း လွမ်းနေတာပါလားလို့ သိလာတာ.. စိတ်ထဲမှာ ခုလုခုလု ဖြစ်သွားပေမဲ့ သံစဉ်နဲ့စာသားကို အရမ်းကြိုက်တော့ ထပ်ပြီး မဖွင့်ဘဲ မနေနိုင်.. မလွမ်းဘဲ မနေနိုင်.. ဟိဟိ.. ခုထိကြိုက်နေတုန်းဘဲ..
အခုများ Angry Bird ပစ်ရင်း လွမ်းတဲ့ သီချင်းရေးပေးရင် အဲဒီလို လွမ်းလွမ်းလေး ဆိုလိုက်ချင်သေးတယ်..
( ဒီသီချင်း upload လုပ်ထားပေးတဲ့ http://www.youtube.com/user/kyaw246 ကိုကျေးဇူးတင်ပါတယ် )