လမ်းလျှောက်တတ်ခါစ.. သမီးနဲ့သား ငယ်ငယ်လေးတုန်းက ကျမကလမ်းလျှောက်စေချင်လို့ လက်ကဆွဲပြီးခေါ်တဲ့အခါ ကျမရဲ့ ထမီစကိုဆွဲထားပြီး ချီဘို့ဘဲအတင်းပူဆာတတ်တဲ့ သမီးနဲ့သားကို လွမ်းပါတယ်။
ကလေးပီပီ ချွဲနွဲ့ဘို့ အမေ့ရင်ခွင်ကို ခေါင်းနဲ့ခွေ့ပြီး လှဲချတတ်တဲ့ ကျမရဲ့သမီးနဲ့သားကိုလဲ လွမ်းပါတယ်။
နေမကောင်းလို့အိပ်ယာထဲ လဲလျောင်းနေတဲ့အမေကို စိုးရိမ်စိတ်နဲ့ မေမေ ဘယ်တော့သေမလဲ..ဟင် လို့မေးခဲ့တဲ့ ချစ်စရာကောင်းတဲ့ သူတို့ရဲ့အပြစ်ကင်းတဲ့မျက်နှာလေးတွေကိုလဲ မနေ့ကလိုဘဲ ပြန်မြင်ယောင်ပါတယ်။
လမ်းလျှောက်တတ်သွားတော့.. ချီထားတဲ့ကျမကို ကန်ကျောက်ဆင်းသွားလဲ အသာလေးချပေးလိုက်ရတာပါဘဲ။ ပစ်မချရက်လို့ပါ။
ရင်ဝကိုဆောင့်တွန်းလဲ အသာလေးချပေးလိုက်ရမှာပါဘဲ။ ပစ်မချနိုင်ပါဘူး.. နာသွားမှာ စိုးပါတယ်..
နေရာတကာ လိုက်ကြည့်မနေပါနဲ့လို့တော့ မပြောလိုက်ပါနဲ့...မျက်နှာကိုမကြည့်ဘဲနဲ့တောင် မေမေ ဘယ်တော့သေမလဲ..ဟင် လို့မေးခဲ့တဲ့မျက်နှာနဲ့ ကွာခြားချက်ကို သိသွားပြီး အမေ ချက်ချင်းသေချင်သွားမှာမို့ပါ..
ပုံကို http://www.eddycrosby.com/2009/05/21/painting-motherchild/ ကယူသုံးထားပါတယ်။
No comments:
Post a Comment