Thursday, February 19, 2015

အချိန်လွန် အိပ်မက်

http://www.creaturesinmyhead.com/artwork/creatures/2008/if-you-dont-do-it-now-youll-never-do-it/

လွန်ခဲ့တဲ့ ၂ နှစ်လောက်က စိတ်ရှုပ်နေတဲ့နေ့တနေ့မှာ google search က bird without wings လား၊ bird with tied wings လား မမှတ်မိတော့.. ရိုက်ထည့်ပြီး ရှာကြည့်မိတဲ့ အခါ ထွက်လာခဲ့တဲ့ ပုံ နဲ့ web page လေးပါ..

ဘယ်နေရာတူလဲ မသိပေမယ့် ကိုယ့်ပုံကို ပြန်မြင်ရသလို စိတ်ထဲထင်မိလို့ မကြာခဏ သွားကြည့်မိတယ်.. ပေးထားတဲ့ caption က "If you don't do it now, you'll never do it"  ပါတဲ့..
သူရဲ့ ဆုံးဖြတ်ရခက်တဲ့ မျက်နှာထားနဲ့ ကမ်းပါးအစပ်က ပေးထားတဲ့ caption နဲ့ ကိုက်ညီလွန်းလှတယ်..

ကျမကလဲ caption တခုဖြည့်ချင်နေခဲ့ပေမဲ့ ထုံးစံအရ နှောင့်နှေးနေခဲ့တာ အခုထိပါဘဲ..

အမွှေးအတောင်စုံတဲ့ အရွယ်မှာ အတောင်ချုပ်ပြီး နေထိုင်ခဲ့သူက အတောင်တွေ မဆန့်နိုင်တော့တဲ့ အချိန်ကျမှ တသက်လုံးနားနေတာ .. အခု ပျံပြတော့လို့ အပြောခံရရင်.. သူ့လို ကမ်းပါး အစပ် တက်ရပ်ပြီး ပျံပြရတော့မယ် ထင်ပါရဲ့..

Do or die!

ဒါမှမဟုတ်            Fly or die! ပေါ့နော်..










No comments:

Post a Comment