Friday, February 24, 2012

နွားတော့နွား .. ဒါပေမဲ့ သင်းကွဲနွား

ကျားဖြစ်အောင်မွေးခဲ့ပေမဲ့ နွားဖြစ်သွားတော့လဲ
အသားကျွေးစရာမလိုတော့ဘူးပေါ့လေ...

သူ့အသားမစားရတော့လဲ ကုသိုလ်တမျိုးဖြစ်
ကိုယ့်အသားမပါသွားဘို့တော့ သတိထားရမယ်....

ကိုယ်မွေးတဲ့နွား သူများကျားစားမသွားဘို့တော့
နေ့ည ကင်းစောင့်ရင်း မျက်တွင်းလဲ ချောင်တောင်တောင်...

ပညာမတတ်တဲ့နွားမွေးမိတော့ လှစ်ခနဲဆိုပြေးပြန်
အော်.. နွားကွဲရင် ကျားဆွဲတတ်တယ်ဆိုတာ မသင်ပေးမိသူအပြစ်ပါဘဲ..

ကျားတွေက အမဲသားကြိုက်တယ်တဲ့.. အ, တဲ့နွားအသားပိုချိုဆိုဘဲ.....
ကဲ.. အဲဒီတော့....

2 comments:

  1. အခုမှရောက်ဖူးတယ်။ စာတွေများများရေးဖြစ်ဖို့ ဆန္ဒပြုပါတယ်။ ကြုံသလိုရေးတာ မဟုတ်ပဲ တွေးပြီးမှ ရေးတဲ့အတွက် တန်ဖိုးထားပါတယ်။ များများ ဆက်ရေးရင် ဒို့ဆီမှာ လင့်ခ်လုပ်မယ်လို့ စိတ်ကူးတယ်။ ကျန်းမာပါစေ။

    ReplyDelete
  2. အတွေးသန်ပေမဲ့ အရေးမသန်လို့ ကြိုးစားနေရဆဲပါ..
    အားပေးတာ ကျေးဇူးအထူးတင်ပါတယ်..

    ReplyDelete