
လျော့ယဲလာတဲ့လက်နဲ့ ဆက်ကိုင်ထားရတာ အားမရှိတော့ ကျကွဲမယ့်အချိန်ကို စောင့်နေရသလိုဘဲ..
ပြတ်ပြီးတဲ့ကြိုး ဆက်ရာအထုံးနဲ့ မထားနဲ့တော့..
ငိုထားတဲ့မျက်နှာ မမြင်ရစေဘူး..
ငါ့ဘက်က ဘာအကျိုးမှ မမျှော်ကိုးခဲ့လို့ ဘာနောင်တမှ မရဘူးဆိုတာသေချာတယ်..
ကျိန်စာမဆိုတာလဲ သေချာတယ်..
ခွင့်မလွှတ်တာလဲ သေချာတယ်..
မင်းဘက်က နောင်တမရတာ သေချာရင် နှောင်ကြိုးအားလုံး ပြတ်သွားပြီလို့ ခံယူပြီး နောင်လာမယ့် ဘ၀သစ်အတွက် ပြင်ဆင်ပါတော့..
မေတ္တာမှာ အသွားအပြန်ရှိပေမဲ့ နာကျည်းမှုမှာ ပြန်လမ်းမရှိဘူး..
သီချင်းမပါနိုင်ဘူး..
လေဟာနယ်ကို ကြည့်ပြီး တိတ်ဆိတ်ခြင်းသီချင်းသံ ကိုဘဲ နားဆင်ပေးကြပါ..
ခြောက်ကပ်ကပ် အခါးရည်လေးနဲ့ပေါ့..
စိုထိုင်းဆများနေတဲ့ ဒီ Blog ခဏလောက်နားပါမယ်။ အားလုံးခြောက်သွေ့သွားရင်ပြန်တွေ့ကြတာပေါ့..
ခြောက်ကပ်ကပ် အခါးရည်လေးနဲ့ပေါ့..
စိုထိုင်းဆများနေတဲ့ ဒီ Blog ခဏလောက်နားပါမယ်။ အားလုံးခြောက်သွေ့သွားရင်ပြန်တွေ့ကြတာပေါ့..
No comments:
Post a Comment