Thursday, April 12, 2012

နှစ်သစ်ဆုတောင်း

အေးဆေးပြီး ကိုယ်ကစကားမပြောရဘဲ သူများပြောတာနားထောင်ရင်း..
ကိုယ့်ဇာတ်လမ်းမှာ မျက်ရည်ကျမနေဘဲ သူများဇာတ်လမ်းမှာ ရယ်မောရင်း..
ကိုရီးယားဇာတ်လမ်းများနဲ့  တပါတ်အချိန်ကုန်သွားပါတယ်...


မြန်မာနှစ်သစ်ကူးမှာ အေးချမ်းတဲ့ နှစ်သစ် ပျော်ရွှင်တဲ့ နှစ်သစ် ပိုင်ဆိုင်ကြပါစေလို့ ဆန္ဒပြုချင်လို့ တခေါက်ပြန်လှည့်လာပါတယ်..
(ကိုရီးယားကား ခဏရပ်ပြီး...)

ပြန်ပျောက်သွားရင်လဲ.. ဘ၀ကို ခဏမေ့နိုင်တဲ့ နေရာကို သွားနေတယ်လို့ နားလည်ပေးပြီး ခဏမေ့ထားပေးကြပါလို့...

(မွေးနေ့ရောက်ရင် ငိုရလွန်းလို့ ဒီလမှာတော့ အားလုံးနဲ့ဝေးရာ ရှောင်နေလိုက်ဦးမယ်.. ဒါမှ သူတို့ ငါ့ကိုမတွေ့လို့ မေ့နေကြတာပါလေလို့ စိတ်ဖြေနိုင်မယ်မဟုတ်လား..)






အိမ်မက်စေတမန်သီချင်း တင်ချင်ပေမဲ့ အဲဒီသီချင်းဆိုရင် သိန်းဇော်အသံနဲ့မှလိုက်တယ်လို့ စိတ်မှာစွဲနေပြီး ရှာလို့မတွေ့လို့.. : )

1 comment:

  1. သီချင်းလေးကို လာရောက်နားထောင်သွားတယ်.. နှစ်သစ်မှာ.. ကံကောင်းခြင်းတွေနဲ့ သစ်လွင်တောက်ပပါစေနော်..

    ReplyDelete