Tuesday, April 24, 2012

အနိုင် အရှုံး


သူ့စကားမှာ ဒါးသွားတွေပါတယ်..
ကြားရရုံနဲ့ သွေးစက်စက်ထွက်နိုင်တယ်..
သူ့အကြည့်မှာ လှံသွားတွေ တပ်ထားတယ်..
လှံဖျားနဲ့ထိမိခိုက် အသက်ပါသွားနိုင်တယ်..
သူ့အတွေးထဲမှာ ကြိုးကွင်းတွေရှိတယ်..
ခြေလှမ်းမှားတာနဲ့ လည်ပင်းကိုရစ်ပတ်တော့မယ်..




ကိုယ်နားထဲမှာ ခြောက်ခုမြောက်အာရုံရတယ်..
သူ့ရဲ့ အပြင်ကိုထွက်မလာတဲ့ အသံတွေ ကြားနေရတယ်..
ကိုယ့်နှလုံးသား ကလုံးတစ်ခုပွားထားတယ်..
သူများမသိတဲ့ အကြောင်းတွေနဲ့ သေဆုံးသွားရင် .. 
မသေချင်ယောင်ဆောင်ထားနိုင်မယ်..


အနိုင်မလိုချင်လို့ တိုက်စစ်မဆင်တဲ့ပွဲ..
ခံစစ်မှာ မသေတဲ့သူ နိုင်တယ်..

2 comments:

  1. ဒီကဗျာက တရုတ်သိုင်းကားကြည့်နေရသလိုပဲ။ မနေ့ကပဲ ဂျက်လီရဲ့ နဂါးဝင်ပေါက်က ဒါးပျံများဆိုတဲ့ ရုပ်ရှင်ကြည့်ထားတော့ ဒီကဗျာဖတ်မိတာနဲ့ အတော်ပဲ။ အ၀ါရောင်အိပ်မက်က သိုင်းသမားတယောက်များ ဖြစ်နေမလား။ ကျန်းမာပါစေဗျား။

    ReplyDelete
    Replies
    1. ဟုတ်ကဲ့.. သိုင်းသမားပါ.. ရှောင်ပြေးတတ်တဲ့ ရှောင်ပြေးသိုင်းသမားစစ်စစ်ကြီးပေါ့..

      Delete