ရင်ထဲမှာ ခံစားရတာကို ပြောဘို့ ကြိုးစားရင်း အမှတ်မထင် ဖြတ်ရိုက်ခံလိုက်ရတဲ့ ခံစားမှုကို ကောင်းကောင်း နားလည်ပါတယ်။ လက်နဲ့ဖြတ်ရိုက်စရာ မလိုဘဲနဲ့တောင် ရူးနေလားလို့ သဘောရတဲ့၊ ဘာတွေပြောနေတာလဲလို့ သဘောရတဲ့၊ လူရာမ၀င်ဘဲ လာမရှုပ်နဲ့လို့ သဘောရတဲ့၊ အဘိုးမတန်တဲ့ စကားတွေလာမပြောနဲ့လို့ သဘောရတဲ့၊........ အကြည့်တချက် ခေါင်းတချက် အငဲ့အတွက်တောင် ခံစားရသေးတာ။
အဲဒီ အကြည့်မှာ စတုပစ် ရှစ် စတဲ့ စော်ကားမော်ကား စကားလုံးတွေတောင်ပါလို့ နားစည်ထဲမှာ ထိန်းကနဲ မြည်အောင် သွေးလဲတိုးလာစေပါတယ်။
ဒါပေမဲ့ ဘ၀နေ၀င်ချိန်ရောက်လို့ စကားပြောတာကလွဲလို့ ဘာမှ မလုပ်နိုင်တော့တဲ့ အရွယ်ရောက်ရင်၊ စကားပြောတာကိုလဲ သည်းခံနားထောင်ပေးမယ့်သူမရှိတော့တဲ့ အချိန်ရောက်ရင်၊ ၀န်ထုပ်ဝန်ပိုးဘဲ ဖြစ်နေစေပြီး အကြံဥာဏ်လေးတောင် ပေးဘို့ နည်းနည်းမှ အသုံးမ၀င်တော့တဲ့ အချိန်ကိုရောက်ရင်...
ကြိုတင်အားထုတ်နိုင်ရန် နည်းကောင်းလေး ပေးပါရစေ....

ကြိုတင်၍ ပါးစပ်ဖြတ်ရိုက်မခံရအောင် ကာကွယ်သောအနေနဲ့ ၀စီပိတ်နေနိုင်အောင် ကျင့်ကြံကြပါကုန်... နေ၀င်ချိန်သာယာလိုသူ သူတော်ကောင်းအပေါင်းတို့.....
No comments:
Post a Comment